လောင်းလုံး ဇူလိုင် ၁၈

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ခြင်းကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက လောင်းလုံးမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။

 

ဦးစွာ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်သီရိဝင်းက လူနေမှုအဆင့်အတန်းမြှင့်မားစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ ဝင်ငွေတိုးပွားပြီး ဆင်းရဲမှုလျှော့ချစေရန်၊ မိမိအိမ်၌နေ၍ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုးပွားစေရန် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းကို သင်တန်းသား သင်တန်းသူ ၁၅ ဦးနှင့် သင်တန်းနည်းပြ တစ်ဦးတို့က နှစ်လတာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး သီးလှိုင်အေး၊ ခရိုင်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်ဦးစီးမှူး ဒေါ်သီရိဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာမနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 

သိန်းသိန်း(လောင်းလုံး)