ဇူလိုင် ၁၈

သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းမြို့တွင် တည်ဆောက်ထားသောကမ်းခြေအတုကို ဇူလိုင်လ ၁၅ ရက်ကဖွင့်လှစ်ခဲ့ရာ ပထမဆုံးနှစ်ရက်အတွင်း လူ ၃၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့တွင် ဖော်ပြထားသည်။

အဆိုပါကမ်းခြေသည် နိုင်ငံအတွင်းပထမဆုံးတည်ဆောက်ထားသော ကမ်းခြေအတုဖြစ်ပြီး ခရီးသွားဧည့်သည်များအနေဖြင့် ကမ်းခြေကို အခမဲ့ဝင်ရောက်နိုင်ကြောင်း နိုင်ငံပိုင်နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

ထိုကမ်းခြေအတုတွင် ရေကူးခြင်းနှင့် ရေကစားခြင်းတို့ပြုလုပ်ရန် အထောက်အကူပစ္စည်းများနှင့် ပြည်တွင်းပြည်ပ အစားအစာများ ရရှိနိုင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို