ပေါင် ဇူလိုင် ၁၈

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများအား Biometric ဒေတာအချက်အလက်များ ဆက်လက်ကောက်ယူခြင်းကို ဇူလိုင် ၁၈ ရက်က ပေါင်မြို့နယ်၊ ဝါရီရူခန်းမတွင် ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ အချက်အလက်များ ကောက်ယူ၍ နိုင်ငံအတွင်း နေထိုင်သူများအားလုံးကို UID နံပါတ်ထုတ်ပေးခြင်းဖြစ်ကြောင်း၊ e-Government Application များနှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့် စနစ်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေး ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် လွယ်ကူစွာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ နေထိုင်သူပြည်သူအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

 

မွန်မလေး(ပြန်/ဆက်)