နေပြည်တော် ဇူလိုင် ၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနီ (၂)လမ်းရှိ အဆိုပါဝန်ကြီးဌာန၊ ရုံးအမှတ်(၂၃) ပရိဝုဏ်တွင် ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတန်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ  ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ရတနာတန်းဝင် ကျွန်းပင်များကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာများတွင် ကျွန်းပင်များကို စိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အရာထမ်း၊ အမှုထမ်းများ သစ်ပင် စိုက်ပျိုးနေမှုအခြေအနေနှင့် ယခင်စိုက်ပျိုးခဲ့သည့် အပင်များ၏ ရှင်သန်မှုများကို လိုက်လံ ကြည့်ရှုကြသည်။ ယနေ့ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ကျွန်း(၂၅၀)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်