နေပြည်တော် ဇူလိုင် ၁၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က သတင်းအရ ဘားအံမြို့ရှောင်လမ်းတွင် ရပ်တန့်ထားသော မော်တော်ယာဉ်(၁)စီးအား စိစစ်၍ ဘားအံမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံး၌ အသေးစိတ်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော စက်ဘီးအဟောင်း(၈၅)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Nissan Diesel Truck (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၅၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဝေါမြို့မရဲစခန်းမှ ဒု-ရဲအုပ် ဦးဆောင်သောအဖွဲ့က သတင်းအရ မော်တော်ယာဉ်(၁)စီးအား ညောင်ခါးရှည် X-Ray စက်၌ စိစစ်၍ ပဲခူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးတွင် ပူးပေါင်းအဖွဲ့စုံဖြင့် အသေးစိတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စာရွက်စာတမ်း အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိသော Washing Machine မျိုးစုံ(၂၄)လုံး အပါအဝင်ကုန်ပစ္စည်း(၁၀)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၈၄၁,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Nissan Diesel Truck (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၈၄၁,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့နယ် တရားမဝင်ကုန်ပစ္စည်းများတားဆီးရေးအဖွဲ့က ရှောင်တခင် ကင်းလှည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့စဉ် မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ ကားလေးကွင်းအနီး လမ်းမကြီးဘေးတွင် စုပုံထားသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများ စစ်ဆေးတွေ့ရှိသဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံး၌ ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ DAMLY Sungeater Poulty Farm Lpg Space Heater (၁)လုံး အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၄၂,၅၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဇူလိုင် ၁၆ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာနှင့် Brand ကွဲလွဲတင်သွင်းလာသော Royal Knife Indonesian Batik Sarong (၄၀၀၀)ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့မှ ဒု-ရဲမှူး ဦးဆောင်သောအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ (၈)ရပ်ကွက်၊ လွတ်လပ်ရေးလမ်းပေါ်၌ လိုင်စင်မဲ့ Toyota Alphard (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူပင် ဇူလိုင် ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း တင်ပြနိုင် ခြင်းမရှိသည့် Wai Wai Instant Rice Vermicelli (၅၀)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော ZHONG TONG Express Bus(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၇၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၁၄ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄,၂၂၃,၅၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်