မိုင်းပျဉ်း ဇူလိုင် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် စည်ပင်သာယာရေးဌာနမှ မြို့ဝင်ဘီးကောက်လုပ်ငန်း ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခြင်းကို ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက မိုင်းပျဉ်းမြို့အဝင် ဘီးကောက်လုပ်ငန်းနေရာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်ဖြစ်သော မြို့ဝင်ဘီးကောက်လုပ်ငန်း လိုင်စင်ကို ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်အတွက် လုပ်ကိုင်ခွင့် ရရှိထားသူများအနေဖြင့် လိုင်စင်စည်းကမ်းပါ ကောက်ခံရမည့် နှုန်းထားများအတွင်း ကောက်ခံနေခြင်း ရှိ/မရှိ၊ လုပ်ငန်းဆောင်ရွက်စဉ်တွင် ဘီးကောက်ဝန်ထမ်းများ သတ်မှတ်ဝတ်စုံ ဝတ်ဆင်ခြင်း ရှိ/မရှိကို မိုင်းပျဉ်းမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး ဦးဆောင်သော ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့က မြေပြင်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
နန်းသန္တာဦး(ပြန်/ဆက်)