ဖားကန့် ဇူလိုင် ၁၉

 

ကျင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်တွင် ဇူလိုင် ၁၈ ရက် မွန်းလွဲပိုင်းက ၁၂ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

 

မန္တလေးမြို့မှ ကုန်များ တင်ဆောင်လာပြီး ဖားကန့်ကုန်စုံဆိုင်များအား ဖြန့်ဝေရန်အတွက် ယာဉ်မောင်း ကသာမြို့နေ အသက် ၂၉ နှစ်အရွယ် စိုးထက်အောင်နှင့် ယာဉ်အကူ ကသာမြို့နေ အသက် ၄၆ နှစ်အရွယ် ဦးသန်းဝေတို့ မောင်းနှင်လာသော ၁၃ ဘီးယာဉ်သည် မော်ဝမ်းရပ်ကွက် အထက်လမ်း ပန်းရွှေဇင်အလှပြင်ဆိုင်ရှေ့ အုတ်ခုံအား ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိ၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခြင်းဖြစ်သည်။

 

အဆိုပါဖြစ်စဉ်၌ ယာဉ်ရှေ့ လေကာမှန်ကွဲ၊ ရှေ့ဘန်ကာ ကျိုးပဲ့ပျက်စီး၊ ဝဲမီးလုံးနှင့် အမိုးကိုင်းများ ကျိုးပဲ့ပျက်စီးသွားပြီး ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး (၇)သိန်းကျပ်ခန့်ရှိပြီး အများပြည်သူသွားလာရာ လမ်းပေါ်၌ ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သော ယာဉ်မောင်း စိုးထက်အောင်အား ယာဉ်ပ၊ ၁/၂၀၁၃၊ ရာဇသတ်ကြီး ဥပဒေ ၂၇၉ အရ အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)