အေသင် ဇူလိုင် ၁၉
အေသင်မြို့အနောက်မြောက်ဘက် ၃၀ ကီလိုမီတာအကွာရှိ ဒါဗန်နိုကလိုရီရာတွင် ဇူလိုင် ၁၈ ရက်က ဒုတိယနေ့အဖြစ် တောမီးများဆက်လက်လောင်ကျွမ်းလျက်ရှိပြီးရာနှင့်ချီသည့် ဂရိမီးသတ်သမား များသည် မီးငြှိမ်းသတ်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
တောမီးကြောင့် လူသေဆုံးမှုမရှိသော်လည်း ခြောက်ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ သည်။ တောမီးငြှိမ်းသတ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ပြင်သစ်နှင့်အီတလီတို့မှ မီးငြိမ်းသတ် လေယာဉ်နှစ်စင်းစီရရှိရန် မျှော်မှန်းထားသည်။ ဇူလိုင် ၁၇ ရက်မှစတင်ကာ ဒါဗန်နိုကလိုရီရာတွင် တောမီးစတင်လောင်ခဲ့ခြင်းဖြစ်သည်။
တောမီးမှာ တောင်ဘက်သို့ ရွေ့လျားလောင်ကျွမ်းခဲ့ပြီး အေသင်မြို့ဆင်ခြေဖုံး မန်ဒရာအနီးချဉ်းကပ် လာခဲ့သည်။ လာမည့်ရက်များအတွင်း ရာသီဥတုအခြေအနေမှာ ဆိုးရွားနေဦးမည်ဖြစ်ပြီး အခြားဒေသများ တွင်လည်း တောမီးဆက်လက်လောင်ကျွမ်းဖွယ်ရှိသည်ဟု မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗာသရာ ကိုဂျန်းနစ်က ပြောသည်။
ဆင်ဟွာ