တိုကျို ဇူလိုင် ၁၉

 အပူလှိုင်းဖြတ်သန်းချိန်၌ အပူရှပ်ခြင်းကြောင့် အပတ်စဉ်ဆေးရုံသို့ ပို့ဆောင်ခဲ့သူဦးရေသည်လွန်ခဲ့သော သီတင်းပတ်ထက် နှစ်ဆ မြင့်တက်လာခဲ့ကြောင်း ဂျပန် မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီက ပြောကြားခဲ့သည်။

 တနင်္ဂနွေနေ့အထိ တစ်ပတ်အတွင်း ဆေးရုံသို့ပို့ဆောင်ခဲ့သူ၈၁၈၉ ဦးရှိကြောင်း အေဂျင်စီက ပြောသည်။ အပူလျှပ်သူ အရေ အတွက်သည်လွန်ခဲ့သောနှစ် အလားတူကာလထက် နှစ်ဆမြင့်တက်ခဲ့ကြောင်း အဆိုပါ အေဂျင်စီက ဆက်လက်ပြောကြားသည်။

ယခုသီတင်းပတ်အတွင်း နေ့အပူချိန်သည် ဂျပန်နိုင်ငံ၏ ဒေသအတော်များများတွင် ၃၉ဒီဂရီ ဆဲလ်စီးယပ်အထိ ရောက်ရှိခဲ့သည်။အပူလျှပ်ခြင်းကြောင့် သုံးဦး သေဆုံးခဲ့သည်။ အပူလျှပ်ခံရသူ စုစုပေါင်း၏ ထက်ဝက်ကျော် သည် အသက် ၆၅ နှစ်သို့မဟုတ် ၎င်းထက်အသက်ပိုကြီးသူများဖြစ်ကြသည်။

ခရိုင်အလိုက်ပြောရမည်ဆိုလျှင် တိုကျိုသည် အပူလျှပ်သူ၁ဝ၆၆ ဦးနှင့် အမြင့်ဆုံးဖြစ်ပြီး အဆိုပါ ပမာဏသည် လွန်ခဲ့သည့် နှစ်အစောပိုင်းကာလနှင့်နှိုင်းယှဉ်လျှင် ၄ ဒသမ ၆ ဆပိုများသည်။ နေရာဒေသလိုက် ပြည်သူ ၃၂၁၅ဦးသည် မိမိတို့နေအိမ်တွင်အပူလျှပ်ခြင်းကို ခံစားခဲ့ရသည်။၁၄၄၅ ဦးမှာ သွားရင်းလာရင်းအပူလျှပ်ခြင်းကို ခံစားခဲ့ရသည်။လာမည့် သီတင်းပတ်များတွင်ဂျပန်နိုင်ငံ ဒေသ အတော်များများ၌ အပူချိန်မြင့်တက်မှုများဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်သည်။

ဆင်ဟွာ