ဖြူး ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရန်အတွက် နေ့စဉ် ဖြူးမြို့မစျေးအနီး၌ ရောင်းချပေးလျက်ရှိရာ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက လာရောက်ဝယ်ယူသူများ ပိုမိုများပြားကြောင်း သိရသည်။
စျေးနှုန်းချိုသာစွာ ရောင်းချပေးရာတွင် ဆန်တစ်ပြည် ၂၄၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၆၀၀၀ ကျပ်နှင့် ဆီ၊ ကြက်ဥများကို စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)