ပေါင် ဇူလိုင် ၂၀

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ဇူလိုင် ၂၀ ရက် နံနက်ပိုင်းမှစတင်၍ ပေါင်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက် ရှိသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကဒုံးစီး(အမက)၊ စကားဝါ(အမက)၊ စံတိုက်(အမက)၊ ဒေးဗိန်(အမက)၊ ကဒါမင်းတန်း(အမက)၊ ကဒါအထက်(အမက)၊ မင်းတန်း(အထက) စသည့်ကျောင်းများ၌ အသက်(၅)နှစ်အထက်  ကလေးငယ်များအား Second Booster Dose ကာကွယ်ဆေးများကို  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)