နေပြည်တော် ဇူလိုင် ၂၀

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၉ ရက် နံနက် ၁၁ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာရှိ ချိုင်းလုံ ငှားရမ်းနေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၃၃၈,ဝဝဝ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၈ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ် အနီးတွင် စိုင်းသန်းထွေးလေး မောင်းနှင်ပြီး ကျော်ဇေယျ(ခ)ရွှေကူး လိုက်ပါလာသည့် LANDCRUISER PRADO မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄၀,၀၀၀ ၊ မြန်မာငွေကျပ် ၃ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်