နေပြည်တော် ၁၈ ဖေဖော်ဝါရီ


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ တတိယ(၁၀) ရက်ပတ်အတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို ၁၈-၂-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။


ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ၁-ပေမှ ၂-ပေခန့်၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြိုတို့တွင် ပေဝက်မှ ၁-ပေခန့် လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင်သည်။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။ 


MDN