နေပြည်တော်   ဇူလိုင် ၂၁

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၃ ခုနှစ် မိုးရာသီငါးမျိုးစိတ် စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်းတို့က ငါးခုံးမများကို မင်္ဂလာကန်အတွင်းသို့ ဦးစွာစိုက်ထည့်ပေးကြပြီး ဌာနဆိုင်ရာအကြီးအကဲများ၊ အမှုထမ်း၊ အရာထမ်းများ၏ ငါးမျိုးစိုက်ထည့်ပေးနေမှုကို ကြည့်ရှုအားပေးကြသည်။

 

ယနေ့အခမ်းအနားတွင် မင်္ဂလာကန်အတွင်းသို့ ကြီးထွားနှုန်းမြန်ဆန်သည့် ငါးခုံးမ သားပေါက်ကောင်ရေ (၃၅,၀၀၀)ကျော် စိုက်ထည့်ပေးခဲ့ကြောင်းနှင့် ယမန်နှစ်ကလည်း ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၃၂,၀၀၀)ကျော် စိုက်ထည့်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)