နေပြည်တော် ဇူလိုင် ၂၁

 

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနများမှ အရာထမ်း များအတွက် အင်္ဂလိပ်စာမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့် အမှုထမ်းများအတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

 

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ Naypyitaw State Academy (NSA)မှ သင်တန်းနည်းပြ များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

 

ယင်းသင်တန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ မေ (၃၀) ရက်မှ ဇူလိုင် (၂၁) ရက်အထိ၊ အပတ်စဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် မွန်းလွဲ ၃ နာရီခွဲမှ ၅ နာရီခွဲအထိ ရက်သတ္တ(၈)ပတ်ကြာ တစ်ပြိုင်တည်း သီးခြားစီ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

 

အရာထမ်းများအတွက်သင်တန်းတွင် အခြေခံအင်္ဂလိပ်စာ 4 Skills ဖြစ်သည့် Reading၊ Writing၊ Listening ၊ Speaking Skills များမွမ်းမံလေ့ကျင့်ပေးခြင်း၊  ရုံးစာရေးသားမှုများဖြစ်သည့် Note Verbal ရေးသားနည်းများ၊ Speech ရေးသားနည်းများ၊ သဝဏ်လွှာရေးသားနည်းများ၊ Conference Meeting များ ပြင်ဆင်ဆောင်ရွက်ခြင်း စသည်တို့အား လေ့ကျင့်သင်ကြားပေးခြင်းများနှင့် Intercultural communication ဆိုင်ရာများ သင်ကြားပို့ချပေးခြင်း၊ Group Presentation များဖြင့် လက်တွေ့ လေ့ကျင့်ပေးခြင်း စသည်တို့ကို သင်ကြားပို့ချခဲ့ပြီး အမှုထမ်းများအတွက် သင်တန်းတွင် အခြေခံ အင်္ဂလိပ်စာ 4 Skills စွမ်းရည်များ မြှင့်တင်ပေးခြင်းနှင့် Grammar များ မှန်ကန်စွာ အသုံးပြုတတ်စေခြင်း၊ Communication Skills နှင့် Presentation Skills များ မြှင့်တင်ပေးခြင်း၊ ကိုယ်ရေးရာဇဝင်အကျဉ်း ဖြည့်စွက်​ရေးသားခြင်း၊ Email ရေးသားခြင်း၊ Visa Form ဖြည့်စွက်ခြင်း၊ ဘဏ်များနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊ Intercultural Communication ဆိုင်ရာများ စသည်တို့ကိုလည်း သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး  ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆော ဝန်ကြီးဌာနများမှ အရာထမ်းများနှင့် အမှုထမ်းများစုစုပေါင်း (၅၇)ဦး တက်ရောက်ခဲ့ကြပြီး၊ သင်တန်းတွင် အင်္ဂလိပ်ဘာသာ စကားကို ကျွမ်းကျင်စွာရေးသား ပြောဆိုဆက်သွယ်ဆောင်ရွက်နိုင်စေရန်နှင့် လက်တွေ့လုပ်ငန်း နယ်ပယ်တွင် ထိရောက်စွာအသုံးချနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)