စစ်ကိုင်း ဇူလိုင် ၂၂
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် စစ်ကိုင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ တန်ဖိုးမြှင့် စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၁ ရက်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် သမဝါယနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာ မို့မို့ရီက ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများကို စာပေပညာသာမက ဘက်စုံထူးခွန်တဲ့ လူတော်/လူကောင်း တွေဖြစ်အောင် နှစ်စဉ်နှစ်တိုင်း ကျောင်းလှုပ်ရှားမှုအစီအစဉ်များကို စနစ်တကျရေးဆွဲကာ ဆောင်ရွက်လေ့ ရှိကြောင်း၊ လက်တွေ့အသုံးချတက်စေရန်နှင့် အမိတက္ကသိုလ်မှ ဘွဲ့ရရှိသွားသည့်အခါ ကိုယ်ပိုင်လုပ်ငန်းငယ်များ တည်ထောင်နိုင်ခြင်းမှတဆင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ တန်ဖို့မြှင့်လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားကာ ခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်နေ့အထိ (၇)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပိုချပေး သွားမှာဖြစ်ပြီး သင်တန်းသို့ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်နှင့် ဆရာ/ ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ၊ နည်းပြဆရာ/ဆရာမများ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)