ရမ်းဗြဲ    ဇူလိုင် ၂၂

 

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ရေတွင်း ရေကန်များစစ်ဆေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက သွေးလွန်တုပ်ကွေးရောဂါ  ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်အတွင်းရှိ  လူနေအိမ်များတွင် ထားရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေမြောင်း/ ရေအိုင်များ  ရေတွင်းရေကန်များထဲသို့ အဘိတ်ဆေးများခတ်ပေးခြင်း၊ နေအိမ်များရှိ ဘုရား ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်များပြုလုပ်ပေးခြင်းနှင့် ရေတွင်းရေကန်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်တင်ကြည်(ပြန်/ဆက်)