နေပြည်တော် ဇူလိုင် ၂၃
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ရန်ကင်းတောရကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဓာတုမာလာပရိယတ္တိ စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ကောင်းဆုဝေကျောင်းတိုက်၊ ရန်ကင်း မြို့နယ်ရှိ မိုးကောင်း ကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်ရှိမဟာဝိစိတ္တာရုံကျောင်းတိုက်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အောင်ဇေယျာမင်းကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံ မြို့နယ်ရှိ သုဝဏ္ဏနားဝမ်(ကိုရင်လေး) ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကရင် ပရိယတ္တိစာသင်တိုက်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ သာသနာ့ဗိမ္မာန်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မစိုးရိမ်ပရဟိတကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ဥသျှစ်ကုန်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ အောင်ပင်လယ် စာသင်တိုက်တို့သို့ ဆန်ကြာဆံ များကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်