လွိုင်ကော် ဇူလိုင် ၂၄
ကယားပြည်နယ် လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ မင်္ဂလာလမ်းသွယ်တွင် ယနေ့နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က လျှပ်စစ်ပလပ်ခုံ အပူလွန်ကဲပြီး နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူးနှင့်အတူ သန္ဓေ (၃၅)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၅)စီး၊ မီးသတ်ရေယာဉ် (၂)စီးတို့ဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါနေအိမ် အပေါ်ထပ်တွင် ဆံပင်အပူပေးစက်အား မီးဖွင့်၍ ပလပ်ခုံတွင် တပ်ထားခဲ့ရာမှ လျှပ်စစ်ပလပ်ခုံ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းကာ အနီးရှိ အထပ်သားပြား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင် ဖြစ်သူအား အမှုဖွင့်အရေး ဆောင်ရွက်ထားကြောင်း သိရသည်။
ကိုစိုင်း(လွိုင်ကော်)