တောင်သာ ဇူလိုင် ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးရွာ(၁၀)၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ်အတွင်း ရွာသာလေး၊ ကျောက္ကာတောင်ကုန်း၊ ဆီမီးကန်တောင်ကုန်း၊ ရေခါး၊ ရွှေပြည်တော်၊ အလယ်ချိုင့်မြောက်၊ ကျောက်ဆောက်၊ ကြည်အိုင် ကန်တောတိုက်၊ အိုးဖိုနှင့် ကျောက်ရင်းကျေးရွာ စသည့် ကျေးရွာ (၁၀)ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးမှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၆၃ ရွာထိ ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ယွန်း(မုံရွာ၊ကိုယ်ပွား)