တောင်ငူ ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကံရာဇာကျေးရွာတွင် ဇူလိုင် ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သစ်ပင်ပိ၍ လူနှစ်ဦးသေဆုံးခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပြိုလဲပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၄၀,၀၀ဝ၊ အိမ်ထောင်စု (၂)စုရှိ လူဦးရေ (၇)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေကျပ် ၁၄၇၀ဝ၊ သေဆုံးသူ(၂)ဦးအတွက် ကျပ် ၆၀၀၀၀ဝ၊ ဒဏ်ရာရရှိသူ (၂)ဦးအတွက် ကျပ် ၁၀၀၀၀ဝ စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၈၅၄၇၀ဝ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တန်ဖိုးငွေကျပ် ၄၀၄၇ဝ တို့ကို လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)