နေပြည်တော် ဇူလိုင် ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူလျက်ရှိသည်။
လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ဇူလိုင်၂၄ ရက်တွင် ရှမ်းစုကျေးရွာတွင်၅၇ ဦး၊ အမှတ် ၄ ရပ်ကွက်တွင် ၄၆ ဦး၊ မြို့နယ်လဝကရုံးတွင် ကိုးဦး စုစုပေါင်း၁၁၂ ဦး၏ Biometric Data ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)