ကျိုက်မရော ဇူလိုင် ၂၅

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ စားသုံးကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်စေရန် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက မြို့မစျေးကြီးရှေ့တွင် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးလျက် ရှိကြောင်းသိရသည်။

 

အဆိုပါ စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို အပတ်စဥ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေး အဖွဲ့များက ဆီတစ်ပိဿာလျှင် ငွေကျပ် ၄၄၀၀၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၂၅၀၊ ဝက်သားတစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀၊ ဆန်တစ်ပြည်လျှင် ငွေကျပ်၂၅၀၀ ဖြင့်လည်းကောင်း၊ ဟင်းသီးဟင်းရွက်များကိုလည်း စျေးနှုန်းသက်သာစွာဖြင့် လည်းကောင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

 

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)