ဇူလိုင် ၂၅

ကင်မရွန်းနိုင်ငံတွင် ဇူလိုင်လ ၂၃ ရက် အစောပိုင်းက လူနေအဆောက်အအုံတစ်လုံး ပြိုကျမှုကြောင့် သေဆုံးသူ ၃၃ ဦးရှိလာကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

အဆိုပါလေးထပ်အဆောက်အအုံပြိုကျအပျက်အစီးများအောက်မှ ဇူလိုင်လ ၂၃ ရက်ညပိုင်းက အလောင်းများထပ်မံတွေ့ရှိပြီးနောက် သေဆုံးသူ ၃၃ ဦးရှိလာခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူ ၅၄ ဦးသည် ဆေးကုသမှုခံယူလျက်ရှိသည်ဟု ကင်မရွန်း အိမ်ရာနှင့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး စီလတ်တီကတ်ချာကာတတ်စ်က ပြောကြားသည်။ ငါးဦးသည် အခြေအနေစိုးရိမ်ရသည်ဟု သိရသည်။

ကာတတ်စ်သည် မတော်တဆမှုဖြစ်ပွားသည့်နေရာသို့ ယနေ့မနက်ပိုင်းတွင် သွားရောက်ခဲ့သည်။

ကယ်ဆယ်ရေးလုပ်သားများသည် ထိုအပျက်အစီးများအောက် ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ထိုအဆောက်အအုံပြိုကျမှုဖြစ်ပွားရသည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို