နေပြည်တော် ဇူလိုင် ၂၅

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)ရုံး မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အကြား လက်မှတ်ရေး ထိုးမည့် သဘောတူညီချက်စာလွှာ (Letter of agreement)တွင် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆေးနှင့်ဆေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ စီစဉ်ဆောင်ရွက်နိုင်ရေးနှင့် မိုခါဆိုင်ကလုန်း မုန်တိုင်းသင့်ဒေသများတွင် မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေးလုပ် ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်