ကိုလံဘို ဇူလိုင် ၂၅

၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်အထိ သီရိလင်္ကာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ၇၀၀၀၀ ကျော်လာရောက် လည်ပတ်ခဲ့ကြောင်း အရာရှိတစ်ဦးက ဇူလိုင် ၂၅ ရက် က ပြောကြားလိုက်သည်။ ဇူလိုင် ပထမရက် ၂၀ အတွင်း နိုင်ငံခြားခရီးသွား ၈၉၇၂၄ ဦးနိုင်ငံတွင်းသို့ လာရောက်လည်ပတ်ခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဥက္ကဋ္ဌရေးအာဏာပိုင်အဖွဲ့ ပရီယမ်သာ ဖာနန်ဒိုက ပြောကြားခဲ့သည်။

၂ဝ၂၂ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၇၁၉၉၇၈ ဦးနှင့် ၂၀၂၁ ခုနှစ်တွင် ၁၉၄၄၉၅ ဦး လာရောက် တရားဝင်လည်ပတ်ခဲ့ကြောင်း စာရင်းများအရ သိရသည်။ သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြား ငွေအမြောက်အမြား ရရှိသည့်လုပ်ငန်းများအနက် ဦးဆောင်လုပ်ငန်းတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်း သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လည်းကောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် လည်း ကောင်း ဆုတ်ယုတ်ခဲ့သည်။

သို့သော်လည်း ၂၀၂၃ ခုနှစ်တွင် နိုင်ငံ၏ ခရီးသွားကဏ္ဍသည် ပြန်လည်တိုးတက် ကောင်းမွန်လာခဲ့သည်။ ယခုနှစ်တွင်နိုင်ငံခြားခရီးသွား နှစ်သန်းကိုဆွဲဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

 ဆင်ဟွာ