ဇူလိုင် ၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ၂၀၁ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှု အထွေထွေညွှန်ကြားမှုဦးစီးဌာန ( ဒီဂျီအိတ်ချ်အက်စ် ) က ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၃၇၆၈၈ ဦး ရှိလာသည်ဟု သိရသည်။

ယခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် နိုင်ငံအတွင်းရှိ ဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူပြီးနောက် နေအိမ်သို့ပြန်လာသူဦးရေ ၂၉၅၆၀ ရှိကြောင်း ဒီဂျီအိတ်ချ်အက်စ်က ပြောကြားသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအရေအတွက် မြင့်မားလာမှုကို တိုက်ဖျက်ရန် ကျန်းမာရေးအာဏာပိုင်များက ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများနှင့် ခြင်ပေါက်ဖွားမှုများ စစ်ဆေးရေးစီမံချက်များကိုတိုးမြှင့် လုပ်ဆောင်လျက် ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို