ဇူလိုင် ၂၆

အီကွေဒေါနိုင်ငံ ဂါရာကွီလ်မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၈ ဦး ရှိလာကြောင်း  ပြည်နယ်ရှေ့နေချုပ်ရုံး ( အက်ဖ်ဂျီအီး )က ယမန်နေ့ကပြောကြားသည်။

အဆိုပါအကျဉ်းထောင်ပဋိပက္ခသည် ဇူလိုင်လ ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုရှယ်မီဒီယာတွင် အက်ဖ်ဂျီအီးက ရေးသားထားသည်။

ကနဦးသတင်းအရ ရဲအရာရှိတစ်ဦးအပါအဝင် အကျဉ်းသားငါးဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

အမျိုးသားရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့က  ၎င်းအကျဉ်းထောင်ပဋိပက္ခဖြစ်ပွားမှုအခြေအနေကို ယမန်နေ့က ထိန်းချုပ်နိုင်ခဲ့ပြီး သေဆုံးသူများ၏အလောင်းများကို အာဏာပိုင်များက ဖယ်ရှားခဲ့ကြသည်။

အီကွေဒေါသမ္မတက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၃၆ ခုလုံးတွင် ရက် ၆၀ ကြာ အရေးပေါ်အခြေအနေတစ်ရပ်ကို အစောပိုင်းကထုတ်ပြန်ကြေညာခဲ့ရာ ထိုထုတ်ပြန်ချက်ဖြင့် လုံခြုံရေးတပ်ဖွဲ့များက အကျဉ်းထောင်ပဋိပက္ခဖြစ်ပွားမှု အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို