ဇူလိုင် ၂၆
ဂျပန်နိုင်ငံ၏ လူဦးရေလျော့ကျလာသည်မှာ ၁၄ နှစ်ဆက်တိုက်ရှိပြီဟု သိရသည်။
နိုင်ငံလူဦးရေသည် ဇန်နဝါရီ ၁ ရက်က ၁၂၂ ဒသမ ၄၂ သန်းကျော်ရှိသည်။ ပြီးခဲ့သည့်နှစ်ကထက် ၈၀၀၀၀၀ ခန့်လျော့ကျခဲ့ပြီး ၁၉၆၈ ခုနှစ်က စံချိန်တင်ခဲ့ပြီးနောက် လူဦးရေလျော့ကျမှု အများဆုံးဖြစ်သည်။
လွန်ခဲ့သောနှစ်က မွေးဖွားသူဦးရေ ၇၇၁၀၀၀ ခန့်ရှိရာ ၁၉၇၉ ခုနှစ် စစ်တမ်းကောက်ယူပြီးနောက်ပိုင်း အနည်းဆုံးဖြစ်ပြီး သေဆုံးသူဦးရေ ၁ ဒသမ ၅၆ သန်းကျော်ဖြင့် စံချိန်တင်မြင့်မားခဲ့သည်။
လူဦးရေအများဆုံးဖြစ်သော တိုကျိုတွင် လူဦးရေ ၁၃ ဒသမ ၂၆ သန်းခန့်ရှိသည်။ တော့တိုရီတွင် လူဦးရေ ၅၄၁၀၀၀ ခန့်ရှိရာ လူဦးရေအနည်းဆုံးဖြစ်သည်။
နိုင်ငံအတွင်းရှိ ခရိုင် ၄၇ ခုစလုံးတွင် ပထမဆုံးအကြိမ် လူဦးရေလျော့ကျခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံတွင်နေထိုင်သောနိုင်ငံခြားသားဦးရေ ၂ ဒသမ ၉၉ သန်းကျော်ရှိသည်။ ၂၀၁၃ ခုနှစ်အတွင်း ပထမဆုံးမြင့်မားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ် စစ်တမ်းကောက်ယူပြီးနောက်ပိုင်း အမြင့်မားဆုံးဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို