နေပြည်တော် ဇူလိုင် ၂၇

ပြောင်းလဲသက်ရောက်လာသော ရာသီဥတု အခြေအနေအပေါ် မူတည်၍ ဒေသရာသီဥတုနှင့်ကိုက်ညီသော အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးမြင့်မားသည့် သီးနှံ မျိုးသစ်များတိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရန် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သော  မျိုးဗီဇ ပညာရှင် အရင်းအမြစ်များ လိုအပ်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တင်ထွဋ် ကပြော ကြားသည်။

ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင် ဆန်စပါး သရုပ်ပြစိုက်ကွင်း၌ ကွင်းဆင်းလေ့လာနေကြသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အပင်မျိုးမွေးမြူရေး ဘာသာရပ် အထူးပြုကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒုတိယဝန်ကြီးက ကျောင်းပြီးပါက မိမိကိုယ်ပိုင် လုပ်ငန်းခွင်တွင်ဖြစ်စေ၊ နိုင်ငံ လုပ်ငန်းခွင်တွင်ဖြစ်စေ မျိုးသစ်များ မွေးမြူထုတ်လုပ်ရေးနှင့် မျိုးသန့်မျိုးစေ့ထုတ်လုပ်ရေး ပညာရပ်များကိုပါလေ့လာသွားရန် လိုအပ်ကြောင်း၊ အခြေခံ စပါးမျိုး မွေးမြူရေးပညာ ရပ်ကို စာတွေ့လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်မှုရှိရေး စနစ်တကျလေ့လာ သွားကြစေလို ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင် အစည်းအဝေးခန်းမ သို့ရောက်ရှိရာ ဒုတိယပါမောက္ခချုပ် ၊ ပါမောက္ခဌာနမှူးများနှင့်တာ ဝန်ရှိသူများက အသစ်ဖွဲ့စည်းထားရှိသော ဘာသာရပ် ဆိုင်ရာဌာနများ၏ လုပ်ငန်းဆောင် ရွက်မှု၊ စာသင်နှစ်အလိုက် တိုးမြှင့်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းဆင်းမောင်မယ်များ  ၏  ဘဝ တစ်သက်တာတွင် အရည်အချင်းပြည့်ဝသည့် စိုက်ပျိုးရေး ပညာရှင်များအဖြစ် အောင်မြင်ခိုင်မာစွာ ရပ်တည်နိုင်ရေးသာမက အနာဂတ်လယ်ယာကဏ္ဍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို ‌မျှော်မှန်းဆောင်ရွက်ရန် လိုအပ်ချက်များကိုဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်