လပွတ္တာ    ဇူလိုင်    ၂၉

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌     သန့်ရှင်းသာယာလှပ စေရန်အတွက်      သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို    ဇူလိုင် ၂၈ ရက်က ဆောင်ရွက်ကြသည်။

 

ထိုသို့     ဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးသူရ  ဦးဆောင်၍     မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ စုစုပေါင်းအင်အား ၅၀၀ ခန့်သည်   လပွတ္တာမြို့ပေါ်ရပ်ကွက် အခု ၁၀  ရှိ ဘုန်းတော်ကြီး ကျောင်း ၄၆   ကျောင်း၌  သန်ရှင်းသာယာ လှပစေရန်အတွက် ကျောင်းများပတ်ဝန်းကျင်ရှိ      ချုံနွယ်များ၊  မြက်ပင်များ   ခုတ်ထွင်ရှင်းလင်း ခြင်း စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

အလားတူ    ကျေးရွာအုပ်စု  ၆၅    အုပ်စုရှိ  ဘုန်းကြီးကျောင်း  ၄၅၁ ကျောင်းများတို့တွင်လည်း  သတ်မှတ်ရက်အလိုက်   ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)