နေပြည်တော်  ဇူလိုင်  ၂၈

 

ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့်   ထိခိုက်ပျက်စီးခဲ့သည့်   ဒေသများတွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

 

ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ   ဆောင်ရွက်ရန် အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌    ရောက်ရှိနေသော   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ    ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ အစိုးရရပ်ကွက် ရှိ  ပင်လယ်ကမ်းခြေ  ပွိုင့်အရှေ့ ကားလမ်းမ  လမ်းဘေး ဝဲ/ယာ တစ်လျှောက်၌  ပေါက်ရောက်နေ သည့် ချုံနွှယ်၊  ပေါင်းပင်၊ မြက်ပင် များနှင့်    အမှိုက်များ၊   သစ်ပင်၊ သစ်ကိုင်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများက သန့်ရှင်းရေးပြုလုပ်နေမှုကို   ကြည့်ရှုအားပေးကြသည်။

 

 

အလားတူ စစ်တွေမြို့၌ ရောက်ရှိနေသော    ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌  မြို့နယ်အဆင့်   ဖွဲ့စည်းတာဝန်ပေးအပ် ထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်        တွေ့ဆုံသည်။ ယင်းနောက်  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး    ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ် ပြန်လည် ထူထောင်ရေးအတွက် အာဆီယံနှင့် အင်ဒိုနီးရှားနိုင်ငံများက ကူညီထောက်ပံ့ပေးသည့်   ကုန်ပစ္စည်းများနှင့်     အဝတ်အထည်များအား   သက်ဆိုင်ရာ   ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်