ပုသိမ်  ဇူလိုင် ၂၉

လူငယ်များ  ဗလငါးတန်  ဘက်စုံဖွံ့ဖြိုးစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုသိမ်တက္ကသိုလ်တို့ ပူးပေါင်းကျင်းပ သည့်  လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။

 

ရှေးဦးစွာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်းက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

     

ထို့နောက်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းရှိန်ဦးဆောင်၍ တက္ကသိုလ် ကျောင်းသား ကျောင်းသူ ခြောက်ဦးတို့က   လူငယ်နှင့် မီဒီယာ၊   လူငယ်နှင့် စာရိတ္တ၊    လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် စာပေ၊လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် မူးယစ်ဆေးဝါး စသည့်အကြောင်းအရာများကို  ဝိုင်းဝန်းဆွေးနွေးကြသည်။ အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား  ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)