နေပြည်တော် ဇူလိုင် ၂၉
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ အောင်စည်သာပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ပညာမဏ္ဍိုင် ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၊ ရန်ကုန် တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ကျောင်းတိုက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ဂုဏ်ရည်လွင် ပရိယတ္တိစာသင်တိုက်၊ ရန်ကင်းမြို့နယ်ရှိ အောင်သုခဗိမာန်ကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ ပါဠိကာရီပရိယတ္တိစာသင်တိုက်နှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းလဲကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များ ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ရှိ ချမ်းမြသာစည်ကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေကျင်ကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ မဟာဓမ္မိကာရာမကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ ရက္ခဝတီတပ်ဦး ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်