ရန်ကုန် ဇူလိုင် ၂၉

ပြည်သူများ အဆင်ပြေစွာ စားသုံးဆီများ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ ဈေးကားများဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ စားသုံးဆီများ နေ့စဉ်လှည့်လည် ရောင်းချပေးလျက်ရှိသည်၊၊

ယနေ့တွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများသည် ဈေးကားများဖြင့် ဗဟန်းမြို့နယ်ရှိ ရေတာရှည်လမ်း ဟောင်း၊ အလုံမြို့နယ်ရှိ ငုဝါလမ်း၊ စမ်းချောင်းမြို့နယ်ရှိ အောင်ချမ်းသာလမ်းနှင့် ကမာ ရွတ်မြို့နယ်ရှိ ဆရာစံလမ်းတို့သို့ သွားရောက်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို ရောင်းချပေးခဲ့သည်။

ထိုသို့ ရောင်းချပေးရာတွင် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက လှည့်လည်ကြည့််ရှု ကြပ်မတ်ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်၊၊

သတင်း၊ ဓာတ်ပုံ-ဇော်လတ်