ရန်ကုန် ဇူလိုင် ၃၀

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း အခမ်းအနား၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဥယျာဉ်တော် သာသနိကအဆောက်အဦများ လှူဒါန်းခြင်း ရေစက်ချ မဟာမင်္ဂလာအခမ်းအနားများသို့ တက်ရောက်ရန်အတွက် ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြသည်။

 

ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများအား အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿရနှင့် တာဝန်ရှိသူများ၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)