နေပြည်တော် ဇူလိုင် ၃၀
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများသည် မြို့နယ် များရှိဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ လေသာကျောင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ မဟာစကြာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဓမ္မစေတီထေရဝါဒ ပရိယတ္တိစာသင်တိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဓမ္မာလင်္ကာရကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ ကျောက်ကုန်းကျောင်းကြီး ကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာပရိယတ္တိစာသင်တိုက်နှင့် ရှမ်းပြည်နယ် ကျိုင်းတုံ မြို့နယ်ရှိ ယန်းကုန်းကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ အရိယဝံသကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ဆံတော်ရှင် ကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်ရှိ ပေပင်ပရိယတ္တိကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ပညာမဏ္ဍိုင်ပရိယတ္တိစာသင်တိုက်နှင့် ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ သာသနာအေး ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်