နေပြည်တော် ဇူလိုင် ၃၀

မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပလျက်ရှိမှုကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှု ရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲ မင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာ အခမ်းအနားကို ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ ဩဂုတ်လ ၁ ရက် အင်္ဂါနေ့ နံနက်ပိုင်းတွင် ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါအခမ်းအနားကျင်းပပုံများကိုယင်းနေ့နံနက် ၅ နာရီ ၄၅ မိနစ်မှ စတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV – HD Channel ၊ MRTV News Channel ၊ MRTV Farmers’ Channel၊ MRTV Parliament Channel၊ MRTV Sports Channel၊ Skynet Buddha Channel၊  မဟာဗောဓိရုပ်သံလိုင်း၊ Channel -7 ၊ 5 –Plus ၊ Readers’ Channel၊ Media N၊ MWD – HD Channel ၊ MWD Variety HD Channel ၊ MITV ၊ MOI Website ၊ MOI Youtube ၊ MRTV Website နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (LIVE) ထုတ်လွှင့်သွားမည်ဖြစ်သည်။ 

MRTV