စစ်တွေ ဩဂုတ် ၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်အမှတ် ၅၁/ ၂၀၂၃ ဖြင့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သော ဓမ္မစကြအခါတော်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက် ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ  အကျဉ်းသား၊ အကျဉ်းသူ ၂၅၆ ဦးလွတ်မြောက်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့ ၄ ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သော ဓမ္မစကြအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများကို နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ် ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် ပေးလျှက်ရှိ သည်။

ထို့သို့လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦး၊ အကျဉ်းသူနှစ်ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသား ၅၆ ဦး၊ အကျဉ်းသူ ၈ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား ၄၈ ဦး၊ အကျဉ်းသူတစ်ဦးနှင့် သံတွဲအကျဉ်းထောင်မှ အကျဉ်းသား ၉၅ ဦး၊ အကျဉ်းသူ ၁၀ ဦး စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ  ၂၅၆ ဦးလွတ်မြောက်ကြောင်း သိရသည်။ 


အဆိုပါလွတ်မြောက်လာသူများအား မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများက ရင်းနှီး ပျော်ရွှင်စွာကြိုဆိုကြကြောင်း သိရသည်။

စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာကြသူများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများက အကျဉ်းထောင်ခန်းမ၌တွေ့ဆုံ၍ ဆုံးမဩဝါဒစကားပြောကြားကာ အကျဉ်း သား၊ အကျဉ်းသူများ၏ နေရပ်အသီးသီးသို့ သွားလာနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ - တင်ထွန်း(ပြန်/ဆက်)