နေပြည်တော် ဩဂုတ် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယ ဝါဆို လပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အချုပ်ထောင်၊ ကုန်ထုတ်စခန်းနှင့် ဘက်စုံ စိုက်/မွေးစခန်းမှ အကျဉ်းသား/သူ ၈၆ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူများအနက် နေပြည်တော်အချုပ်ထောင်မှ အကျဉ်းသား ၂၁ ဦး၊ ကင်းသာ(၁)ကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၅ ဦး၊ ကင်းသာ(၁)အင်အား၊ ဘက်စုံစိုက်/ မွေးစခန်း (နေပြည်တော်)မှ အကျဉ်းသား ၃၅ ဦး၊ ကင်းသာ(၂)ကုန်ထုတ်စခန်း(တပ်ကုန်း) မှ အကျဉ်းသား ၁၅ ဦး၊ စုစုပေါင်း ၈၆ ဦးတို့ အသီးသီးလွတ်ငြိမ်းခွင့်ရရှိခဲ့ပါသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အချုပ် ထောင်ခန်းမ၌ကျင်းပရာ နေပြည်တော် ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်း ညွှန်ကြား ရေးမှူး ၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ၊ ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးအောင်မျိုးဇော်လွင်တို့က ဆုံးမသြဝါဒစကားပြောကြားကြသည်။
ထို့နောက် အကျဉ်းသားများအား အချုပ်ထောင်တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး လွတ်လက်မှတ်များ၊ လွတ်လူခရီးစရိတ်၊ စားစရိတ်နှင့် လုပ်အားရှင် ခံစားခွင့်များ ပေးအပ်ခြင်း၊ ကတိခံဝန်ချက်များ လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ပြီး လွတ်လူအကျဉ်း သားများအား ဌာနပိုင်မော်တော်ယာဉ်များဖြင့် မြို့မစျေးကားဂိတ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်