နေပြည်တော်  ဩဂုတ် ၃

 

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၂/၂၀၂၃)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊  ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက် ရောက်သည်။

 

ဉီးစွာပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်မှ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအောင် မြင်စွာနှင့်လွယ်ကူစွာ ဖွင့်လှစ်နိုင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးရာတွင် နှောင့်နှေး ကြန့်ကြာမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် အထွေထွေရောဂါကု ဆေးခန်း (၅၁၂၄)ခု၊ အထူးကု ဆေးခန်း(၁၀၀၂)ခု၊ အထွေထ ွေရောဂါကုဆေးရုံ(၂၇၀ ) ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအနေဖြင့် အရည်အသွေးပြည့် ကျန်းမာရေးစောင့် ရှောက်မှုပေးရန်၊ လူနာများဘေးကင်းလုံခြုံရန်၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ဘေးကင်းလုံခြုံရန်၊ အခြားဘေးအန္တ ရာယ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စီစဉ်ထားရှိရန်၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ/နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့် အချက်အလက်များ ပြည့်စုံစွာဆောင်ရွက်ထားရှိခြင်း ရှိ/မရှိတို့ကို အထူးအလေးထားစိစစ်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်မှလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များတွင် ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေးနှင့် နှောင့်နှေးမှု မဖြစ်ပေါ်စေရေး သတိပြုရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆောင်ရွက်ထားရှိ ရမည့်   ကဏ္ဍပေါင်းစုံအား ပြီးပြည့်စုံရန် ဆောင်ရွက်ထားမှသာ ဗဟိုအဖွဲ့အနေဖြင့် (၁)လအတွင်း လိုင်စင်ကို ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း။

 

ကျန်းမာရေးစောင့်ရှောက် မှုပေးသူများ၏ပေါ့ဆမှုကြောင့် လူနာများအတွက် ဆိုးကျိုးများ မဖြစ်ပေါ်စေရေး အတွက် အလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက် မှုပေးသူများသည် သက်ဆိုင်ရာ ဆေးကောင်စီ/သူနာပြုနှင့်သားဖွားကောင်စီများက အသိအမှတ် ပြုထုတ်ပေးထားသည့် ဆေးကုသခွင့် လိုင်စင်/ သူနာပြု-သားဖွား သက်တမ်းရှိလိုင်စင်ရရှိပြီး သူဖြစ်ရန်၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ငြိစွန်းထား သူများမဖြစ်ရန်၊  နိုင်ငံခြားသားဆရာ ဝန်/သူနာပြု အနေဖြင့် အချိန်ပိုင်းဝန်ဆောင်မှုပြုလိုပါက သက်ဆိုင်ရာ ကောင်စီများက အသိအမှတ်ပြုထုတ်ပေးသော သီးခြားသတ်မှတ် အထူးဆေးကုသခွင့် လိုင်စင်ရှိရန် လိုအပ်ကြောင်း၊ လူနာများ ဘေးကင်းလုံခြုံရေးအတွက် အဆောက်အဦပိုင်းဆိုင်ရာ တည်ဆောက်မှု အရည်အသွေး ပြည့်ဝစေရေး၊ ၂၄နာရီဝန်ဆောင်မှုနှင့် အရေးပေါ်ဝန်ဆောင်မှု ပေးနိုင် ရေး၊ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်ခွဲခန်း စသည်တို့သည် အရေးကြီးသောအင်္ဂါရပ်များဖြစ်၍ အဆင့်ဆင့်ကွင်းဆင်း အဖွဲ့များဖြင့် မြေပြင်ကွင်းဆင်းစိစစ်ပြီး လိုအပ်ချက်များပြည့်စုံမှုရှိစေရန် အလေးထား ညွှန်ကြားစိစစ်ရမည် ဖြစ်ကြောင်း၊ အသုံးပြုဆေးဝါးများသည် FDA အသိအမှတ်ပြုဖြစ်စေရေးကို တိကျစွာထိန်း ကျောင်းလျက် ရှိကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမြှင့်တင်ရန်အတွက် ပုဂ္ဂလိကဆေးရုံများတွင် ကျောက်ကပ် အစားထိုးကုသခြင်းလုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းများ၊ နှလုံးခွဲစိတ်ကုသမှုနှင့် အဆင့်မြင့်စစ်ဆေးခြင်းလုပ်ငန်းများ၊ ကင်ဆာဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်း လုပ်ငန်းများကို ခွင့်ပြုပေးခဲ့ ကြောင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းကို ဥပဒေနှင့်အညီ ထိန်းကျောင်းရန်ဖြစ်ကြောင်း၊ ပြင်ပ အကူသူနာပြုသင်တန်းကျောင်းများ၊ ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်းများ ဖွင့်လှစ်နေခြင်းကို ထိန်းကျောင်းရန်အတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဆိုင်ရာဥပဒေ၊ နည်းဥပ‌ဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း များဥပဒေနှင့်အညီ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ကောင်းမွန်သော အကြံပြု ချက်များပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှု၊ အတည်ပြု မှတ်တမ်းဆောင်ရွက်ထားရှိမှု၊ အထူးကိစ္စရပ်များကိုလည်းကောင်း၊ ဗဟိုအဖွဲ့တွဲဖက်အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမိုးခိုင်က ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းလိုင်စင်(အသစ်) လျှောက်ထား လာသည့် ကိစ္စရပ်များကိုလည်းကောင်း၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ပုဂ္ဂလိက ကျန်းမာရေး)ဒေါက်တာခင်ခင်ကြီးက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီက ခွင့်ပြုပြီးလုပ်ငန်းများ အတည်ပြုမှတ်တမ်း တင်ရန်နှင့် အမည်ပြောင်းလျှောက်ထား လာခြင်း ကိုလည်းကောင်းဆွေးဆွေးကြပြီး တက်ရောက်လာသည့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။

(သတင်းစဉ်)