ဘီးလင်း သြဂုတ် ၄

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းကာ တောင်ကျရေများ စီးဆင်းမှုကြောင့် ဘီးလင်းမြစ်ရေသည် ဩဂုတ် ၄ ရက် နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာအထက် ကျော်လွန်ကာ ၁၀၅၇ စင်တီမီတာသို့ ရောက်ရှိလာသည့်အတွက် မြို့ပေါ်ရပ်ကွက် လေးခုနှင့် ကျေးရွာအချို့ရှိ နေအိမ်များ ရေနစ်မြုပ်လျက်ရှိသည်။

 

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် အိမ်ခြေ ၁၂၄၁ ခု၊ အိမ်ထောင်စု ၁၂၅၈ မှ အမျိုးသား ၂၉၀၄ ဦး အမျိုးသမီး ၃၂၂၅ ဦး စုစုပေါင်း ၆၁၂၉ ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်းကာ ရေဘေးရှောင်စခန်း ၂၄ ခုသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

 

ရေးဘေးရှောင်ပြည်သူများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များကို ပေးအပ်ခြင်းနှင့် သက်ကြီး အဘိုး၊အဘွားများအတွက်လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)