ဟိုပုံး ဩဂုတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်ချေး ပေးထားသော လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကား ပြောကြားပြီး ရန်ပုံငွေချေးယူထားသောအစုအဖွဲ့များက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ရန်ပုံငွေများ လေလွှင့်ဆုံးရှုံးမှုများ မဖြစ်စေရေး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များနှင့် ရန်ပုံငွေချေးယူထားသော အစုအဖွဲ့များ တက်ရောက်ကြသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)