ဘီးလင်း ဩဂုတ် ၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် ဩဂုတ် ၄ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်-မော်လမြိုင်သွား ကားလမ်း မိုင်တိုင်အမှတ် (၁၂၆/၄)နှင့် (၁၂၆/ ၆)ကြား သကြားစက်လမ်းဆုံမှ စက်မှုသုံး အရက်ပျံစက်ရုံရှေ့ လမ်းမကြီးပေါ်တွင် ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ကားလမ်းရေကျော်မှုကြောင့် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရန်နှင့် ယာဉ်အန္တရာယ် ကင်းဝေးစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေလမ်းပြအမှတ်အသားများကို ဆောင်ရွက်ထားရှိပြီး ယာဉ်ငယ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်း မောင်းနှင်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)