မုံရွာ ဩဂုတ် ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရဟန်းရှင်လူပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား အကြိမ်ပြည့်ထိုးနှံနိုင်ရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့မှ စီမံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၄ ရက် နံနက် နံနက် ၁၀ နာရီခွဲက မုံရွာမြို့ ရွှေစည်းခုံသာသနာ့ဗိမာန်နှင့် မုံရွာတက္ကသိုလ်ဓမ္မာရုံတို့၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ထိုးနှံရမည့်သူများအား အကြိမ်အလိုက် စာရင်းမှတ်တမ်းရေးသွင်းကာ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့သည်။

 

ထို့ပြင် မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာ(ထက်၊လယ်၊မူ)ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း များရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ၊ အသက်(၁၂)နှစ်မှ(၁၈)နှစ်အထိ၊ သာမဏေနှင့် ကျောင်းသား ကျောင်းသူများအား ဇူလိုင် ၃၁ ရက်နေမှစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဩဂုတ် ၃ ရက်နေ့ အချိန်အထိ စုစုပေါင်း (၁၇၃၇)ဦးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)