ပခုက္ကူ ဩဂုတ် ၄

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး(CPU)မှ ကြီးမှူးကျင်းပသော  အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် ပခုက္ကူခရိုင်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွဲ့၏လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားပြီး ခရိုင်အဆင့်အဖွဲ့ဝင်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်ချက်များကို အသီးသီးရှင်းလင်း တင်ပြကြသည်။

 

အဆိုပါဆွေးနွေးပွဲသို့ ပခုက္ကူခရိုင်အဆင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ခရိုင်အဆင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် မြို့နယ်အဆင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံစားသောက်ကုန်ရောင်းချသူများ၊ ပြည်သူများ စုစုပေါင်းအင်အား (၁၉၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)