လှိုင်းဘွဲ ဩဂုတ် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ကြာအင်းချောင်းမှတစ်ဆင့် တောင်ကျချောင်းများ စီးဆင်းလာမှုနှင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာမှုတို့ကြောင့် လှိုင်းဘွဲမြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာတချို့တွင် ရေဝင်ရောက်မှုများဖြစ်ခဲ့ပြီး ရေဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်ဗျူဟာ (အခြေချ) လှိုင်းဘွဲမှ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းနှင့် တာဝန်ရှိသူများက မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်သော နေအိမ်များအား လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊ ဆိုင်ကလုန်းစင်တာနေရာများသို့ ယာယီပြောင်းရွှေ့ပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ်အတွင်း ရွှေဂွန်း၊ ကော့မြတ်ကြီး၊ ဆင်ကူးကမ်းနား၊ ထန်တော၊ ဒေါ်လန်း၊ ကဇိုင်း၊ အပျိုကုန်း စသည့် ရေဝင်ရောက်သည့် ကျေးရွာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)