နေပြည်တော် ဩဂုတ် ၅

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုမျာသည် မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများဆက် ကပ်လှူဒါန်းလျက်ရှိသည်။
  
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ပရဟိတမင်းကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ မဟာခိုနန်းပရိယတ္တိစာ သင်တိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ သာသနာရက္ခိတကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေလယ်ကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်ရှိ၊ ဇေယျာဝတီစာသင်တိုက်၊ သာကေတမြို့နယ်ရှိ ဇေတဝန်စာသင်တိုက်၊ အင်းစိန်မြို့နယ်ရှိ မဟာမြိုင်သာသနဝိပုလကာရီ ကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ပါလျှံကျောင်းတိုက်များသို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ မဟာဝိသုတာရာမကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်ရှိ ဘုံကျော်တိုက်ကျောင်းတိုက်နှင့် မဟာအောင်မြေ မြို့နယ်ရှိ တောင်ခွင်မင်းကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ စိန်ရတနာမိတ္ထီလာစာသင်တိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ဇေတဝန်မြို့ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ မြောင်းမြ ပရိယတ္တိစာသင်တိုက်များသို့ ဆန်ကြာဆံများ ကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက်တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်