နေပြည်တော်  ဩဂုတ်  ၇

 

တပ်မတော် (လေ) အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီ ထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့်  ပစ္စည်းများကို  တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

 

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ကျန်းမာရေးဝန်ကြီး ဌာနကပေးပို့သည့် ဆေးပစ္စည်းနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဆောက်လုပ်ရေးပစ္စည်း ၁ ဒသမ ၀၆ တန်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်(လေ)မှ လေယာဉ်ဖြင့်  ပို့ဆောင်ပေးခဲ့သည်။

 

သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်(လေ) မှ လေယာဉ်/ ရဟတ်ယာဉ်များဖြင့်  အချိန်နှင့် တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ ရေးပစ္စည်း ၅၇၈ ဒသမ ၅ တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်  ကူညီဆောင် ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း ၃၅၈၈ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်းနှင့် လေဆိပ်များသို့  ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ဒေသ များသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေးပို့ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် အဆိုပါတပ်မတော် လေယာဉ်/ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသောပစ္စည်းများကို တာဝန်ရှိသူများက လက်ခံ   ရယူပေးကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်