ကျိုက်မရော သြဂုတ် ၈

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ သြဂုတ် ၄ ရက်မှစတင်ကာ မိုးများအဆက်မပြတ်  ရွာသွန်းသဖြင့် သြဂုတ် ၈ ရက် နံနက်ပိုင်း၌ ရှင်စောပုရပ်ကွက် ၁ ကမ်းနားပိုင်းရှိ အနိမ့်ပိုင်းရပ်ကွက်များသို့ အတ္တရံမြစ်ရေများ စတင်ဝင်ရောက်နေပြီဖြစ်သည်။

 

ယနေ့နံနက်ပိုင်းက စတင်ကာ ရှင်စောပုရပ်ကွက်၊ ကမ်းနားပိုင်း၊ ထုံးဘိုပိုင်းရှိ မြစ်ကမ်းဘေးနေရာ၌ ရေနှစ်ပေခန့် ဝင်ရောက်လျက်ရှိပြီး အိမ်အောက်ထပ်များသို့ ရေများစတင်ဝင်ရောက်နေပြီဖြစ်သည်။ ကျိုက်မရောမြို့နယ်တွင် သြဂုတ် ၈ ရက်၏ အတ္တရံမြစ်ရေ အမှတ်မှာ ၄၄၀ စင်တီမီတာ ရှိပြီး စိုးရိမ်ရေမှတ်မှာ ၅၂၀ စင်တီမီတာ ဖြစ်ကြောင်းနှင့် မိုးရေချိန် ၁. ဒသမ ၀၆ လက်မ ရှိကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)